ပြိုင်ဆိုင်မှုပြင်းထန်လာဦးမည့် အေတီမက်နှင့် ဘာစီလိုနာ 

အောက်တိုဘာ ၂

အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့၏ လာလီဂါ ပွဲစဉ် (၈) ကို အောက်တိုဘာ ၃ ရက် နံနက် ၁နာရီခွဲတွင် ဝန်ဒါမက်ထရိုပိုလီတာနို ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ လာလီဂါ ပွဲစဉ် (၇) အပြီး တွင် အေတီမက်အသင်းက ရမှတ်၁၄ မှတ်ဖြင့် အဆင့် (၄) တွင် ရပ်တည်နေပြီး ပြိုင်ဘက် ဘာစီလိုနာအသင်းက တစ်ပွဲလျော့ ရမှတ် ၁၂ မှတ်ဖြင့် အဆင့် (၆) တွင် ရပ်တည်နေသည်။ 

အေတီမက်အသင်းသည် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံခဲ့သည့် နောက် ဆုံးလေးကြိမ်တွင် နှစ်ကြိမ်နိုင်ပြီး နှစ်ကြိမ်သရေကျထားသည့်အတွက် ရှုံးပွဲ ကြုံတွေ့ခြင်း မရှိပေ။ သို့သော်လည်း ဘာစီလိုနာအသင်းအနေဖြင့် ပြီးခဲ့ သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘင်ဖီကာအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ သည့်အတွက် အဆိုပါ ပွဲစဉ်မှ ရှုံးနိမ့်မှုကို ယခုအေတီမက်အသင်းနှင့်ပွဲစဉ်တွင် ချေဖျက်ဖို့ ကြိုးစားလာဖွယ်ရှိသည်။

ယခုပွဲစဉ်တွင် အေတီမက်အသင်းမှ ဆွာရက်ဇ်နှင့် ဘာစီလိုနာအသင်းမှ ဒီပေးတို့ကို အဓိကထား စောင့်ကြည့်ရမည် ဖြစ်သည်။ ဆွာရက်ဇ်က လာလီဂါ  ခုနစ်ပွဲတွင်သုံးဂိုးသွင်းထားသည်။ ထို့အပြင်ဒီပေးကလည်းလာလီဂါခြောက်ပွဲတွင်  သုံးဂိုး သွင်းယူပေးထားသည်။

မိုးဇက်