လပွတ္တာ       မေ          ၄

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ် အားကစားနှင့် အခြေခံပညာဦးစီးဌာနတို့၏ Pilot Project  အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးအားကစားသင်တန်းဖွင့်ပွဲကို မေ ၄ရက် ညနေပိုင်းက ရတနာဒီပအားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က အမှာစကားပြောကြားသည်။

ထို့နောက်သင်တန်းသားများအား  အားကစားဝတ်စုံနှင့် အားကစားပစ္စည်းများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က  ပေးအပ်ခဲ့ကြောင်း သိရသည်။                                                       

ခရိုင်(ပြန်/ဆက်)