ဖြူးမြို့နယ်၌ အခြေခံပညာကျောင်း ၂၁၃ ကျောင်းစတင်ဖွင့်လှစ်

ဖြူး ဇွန် ၁

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဇွန် ၁ ရက်မှ စတင်ကာ အခြေခံပညာကျောင်း ၂၁၃ ကျောင်း စတင်ဖွင့်လှစ်​ပြီး ကျောင်းသား ကျောင်းသူ ၄၃၅၅၆ ဦး ပညာသင်ကြားလျက်ရှိသည်။

 

ဖြူးမြို့နယ်တွင် အခြခံပညာကျောင်းများတွင် ၄၂၇၃၀၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ၄၀၈ ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ၄၁၈ ဦး စုစုပေါင်း ၄၃၅၅၆ ဦး  တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)