ဖူလ်ဟမ်ကစားသမား ဆက်ဆက်နွန်အားပေါင် သန်း ၅၀ နဲ့ မန်ယူအသင်း  ခေါ်ယူမည်ဟုဆို

၁၁ ဖေဖော်ဝါရီ

 

မန်ယူအသင်းဟာ  ဖူလ်ဟမ်အသင်းရဲ့ အားထားရတဲ့ကစားသမား တစ်ဦးဖြစ်တဲ့ ဆက်ဆက်နွန်အား ခေါ် ယူဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

 

ဆက်ဆက်နွန်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၁၈ လကျန်ရှိနေတာဖြစ်ပြီး အသင်းရဲ့  ဘယ်နောက်ခံလူနေရာမှာ အားဖြည့်ဖို့အတွက် မန်ယူအသင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

 

နောက်တန်းကစားသမား ဆက်ဆက်နွန်ဟာ ၂၀ဝ၈ ခုနှစ်ကနေ ၂၀၁၆  ခုနှစ်အထိ ဖူလ်ဟမ်လူငယ်အသင်းမှာ  ပါဝင်ကစားခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကနေ လက်ရှိအချိန်အထိလည်း ဖူလ်ဟမ်ပထမအသင်းမှာ ပါဝင်ကစားနေခဲ့တာဖြစ်ပါတယ်။

 

အဲဒီလို ကစားခဲ့ရာမှာလည်း ဆက်ဆက်နွန်ဟာ ပွဲစဉ်စုစုပေါင်း ၉၄ ပွဲမှာ ၂၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ငွေကြယ်