ဖလမ်း ၂ နိုဝင်ဘာ
ဖလမ်းမြို့၊ တလန်လိုရပ်ကွက်နှင့် ကျင်မွာလ်ရပ်ကွက်အတွင်းရှိ အသစ်ဖော်ဆောင် ထားသည့် မြေကွက်(၂၄၅)အား မဲနှိုက်စနစ်ဖြင့် ရောင်းချခြင်းကို နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြားအွယ် တို့ဦးဆောင်သည့် ဝန်ထမ်းများက မြေကွက်(၂၄၅)ကွက် အတွက် မဲနှိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါမြေကွက်ရရှိသော ပြည်သူများအနေဖြင့် ရန်ပုံငွေများကို ရက်ပေါင်း(၃၀)အတွင်း မြန်မာ့စီးပွားရေးဘဏ်၌ ကိုယ်တိုင် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ရက်ပေါင်း(၃၀)အတွင်း ရန်ပုံငွေမပေးသွင်းနိုင်သည့် ပြည်သူများ၏ မြေကွက်များကို ပြန်လည်ရုပ်သိမ်း မည်ဖြစ်ကြောင်းနှင့် မြေကွက်(၂၄၅)ကွက်အတွက် လျှောက်ထားသူ (၈၀၃)ဦး ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


