ဖက်ရှင်ကမ္ဘာရဲ့ ဘုရင် ကိုင်ဇာကွယ်လွန်

၂၀ ဖေဖော်ဝါရီ

ဖက်ရှင်ကမ္ဘာရဲ့ ဘုရင်လို့ အမည်သမုတ်ခံရတဲ့ ကားလ် လာဂါဖီး ခေါ် ကိုင်ဇာ မနေ့က ပဲရစ်ရှိ အမေရိကန်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ကားလ် ဟာ ပြင်သစ်ဖက်ရှင် ရှနဲ (Chanel) ကို နှစ်လေးဆယ်နီးပါး ဦးဆောင်ခဲ့သူဖြစ်သလို သူ့နာမည် ကားလ် လာဂါဖီး (Karl Lagerfeld) တံဆိပ် နဲ့ ဖန်ဒီ (Fendi )တံဆိပ် ပစ္စည်းတွေပါ စုဆောင်းသူဖြစ်ပါတယ်။ ကားလ် ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပါတယ်။

ဆံပင်အဖြူကို စည်းနှောင်ထားပြီး နေကာမျက်မှန်အမည်းတပ်ပြီး အဖြူရောင်ရှပ်အင်္ကျီ ကော်လံထောင်ပြီး ဝတ်ထားတဲ့ပုံစံက သူ့ရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တယ်လို့ ကိုင်ဇာက ပြောခဲ့ဖူးပါတယ်။

 

mdn

 

ကားလ် ကို ဂျမနီနိုင်ငံသား မိခင်နဲ့ ဆွီဒင်နိုင်ငံသား ဖခင် အိုတို တို့ကနေ ၁၉၃၈ ခုနစ်မှာ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ ဖခင်အိုတိုက နို့ဆီ ထုတ်လုပ်တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကားလ်ရဲ့ မွေးနေ့မှာ ၁၉၃၃ ခုနစ်စက်တင်ဘာလ လို့လည်း ပြောဆိုမှုများလည်းရှိနေပါတယ်။

ကိုင်ဇာ ဆယ်ကျော်သက်အရွယ် ၁၉၅၂ ခုနှစ်မှာ ဟမ်းဖက်မှာပြသနေတဲ့ ဒီရော (Dior) ဖက်ရှင်ပြပွဲကို ကြည့်ရှုပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

 

mdn

 

၁၉၅၄ ခုနစ်မှာ ဖြဲဘဲမာ(Pierre Balmain) က လုပ်ဆောင်တဲ့ဒီဇိုင်းပွဲမှာ ကုတ်အင်္ကျီ ဒီဇိုင်းပုံကို ပုံကြမ်းဆွဲရာ ပထမဆုရရှိခဲ့တယ်။ ဖြဲဘဲမာ(Pierre Balmain) က ကားလ် ကို သဘောကျသွားတဲ့အတွက် သူ့လက်ထောက်အဖြစ် အလုပ်ပေးခဲ့ကြောင်း သိရပါတယ်။

ကားလ် သေဆုံးတဲ့အတွက် ကမ္ဘာတစ်ဝန်းက ဖက်ရှင်ဒီဇိုင်နာတွေနဲ့ နာမည်ကျော်တွေက ဝမ်းနည်းကြောင်း တွစ်တာ၊ အင်စတီဂရမ်စတဲ့ လူမှုကွန်ယက်တွေမှာ ရေးသားနေကြတဲ့ထဲမှာ အမေရိကန်သမ္မတ ထရန့်ရဲ့ ဇနီးတစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

MDN
ကိုးကား - AFP

 

mdn