ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံသူဦးရေ ၇၄၅၀ ထပ်မံတွေ့ရှိ

ဇွန် ၄

 

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၇၄၅၀ ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၂၅၅၃၃၇ ဦး အထိ မြင့်တက်လာသည်ဟု ဖိလစ်ပိုင်ကျန်းမာရေးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၈၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၂၁၅၃၇ အထိ ရှိလာသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ ကျော်ရှိသည့်အနက် ၁၂ သန်းကျော်ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သည်။

 

ဖိလစ်ပိုင်အစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးနေရပ်သို့ပြန်လာသူများအား သီးသန့်ခွဲနေထိုင်သည့်ကာလ ယခင် ၁၄ ရက် သတ်မှတ်ထားရာမှ ခုနစ်ရက်သို့ လျှော့ချပေးခဲ့သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဟယ်ရီ ရော့က ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို