ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၈၀၃၉၅၅ ဦး ရှိလာ

ဩဂုတ် ၈

 

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၆၂၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၃၈၀၃၉၅၅ ဦး အထိရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၃၇၈၀၅ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၆၀၈၀၇ ဦးအထိ ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှု ၄၀၀၀ ကျော်ရှိလာသည်မှာ လေးရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီလ ၁၅ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၃၉၀၀၄ ဦးရှိရာ ကိုဗစ်ရောဂါကူးစက်မှုအမြင့်မားဆုံး နေ့တစ်နေ့ဖြစ်ခဲ့သည်။

 

နိုင်ငံလူဦးရေ  သန်း ၁၁၀ နီးပါးရှိပြီး ၇၁ ဒသမ ၅ သန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို