ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၅၃၃ ဦးထပ်မံတွေ့ရှိ

ဩဂုတ် ၁၂

 

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၅၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၃၈၁၈၄၈၀ ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၃၇၉၆၂ ဦး အထိမြင့်တက်လာသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၆၀၉၁၆ ဦး ရှိလာသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ နီးပါးရှိပြီး ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၇၁ ဒသမ ၅ သန်းကျော်ရှိသည်။

 

ဇန်နဝါရီ ၁၅ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦး ရှိရာ ကူးစက်မှုအများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို