ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၄ ဦး ထပ်မံသေဆုံး

နိုဝင်ဘာ ၂၉

 

ဖိလစ်ပိုင်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၆၄၆၀၈ ဦးရှိလာကြောင်း သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသူ ၁၀၈၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ယင်းရောဂါကူးစက်ခံရသူပေါင်း ၄၀၃၄၆၅၈ ဦးရှိလာသည်ဟု အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံအတွင်း ယင်းရောဂါဖြစ်ပွားဆဲလူနာ ၁၈၅၀၇ ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။

 

မြို့တော်မနီလာတွင် လူဦးရေ ၁၃ သန်းကျော်ရှိပြီး ထိုရောဂါဖြစ်ပွားသူ ၄၅၂ ဦးကိုထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

 

ဇန်နဝါရီ ၁၅ ရက်က ထိုရောဂါကူးစက်ခံရသူ ၃၉၀၀၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်မှုအရေအတွက် အများဆုံးနေ့တစ်နေ့အဖြစ်စံချိန်တင်ခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ နီးပါးရှိသည့်အနက် ၇၃ ဒသမ ၇ သန်းကျော်သည် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို