ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စစ်ဘက် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လေးဉီး သေဆုံး

၂၄ ဇူလိုင်

 

 

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် ကြာသပတေးနေ့ ညပိုင်းက စစ်ဘက် ရဟတ်ယာဉ်တစ်စင်း ပျံတက်ပြီး သိပ်မကြာမီ ပျက်ကျခဲ့ရာ လိုက်ပါလာသည့် တပ်ဖွဲ့ဝင် ငါးဉီးအနက် လေးဉီးမှာ သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်တပ်မတော်က ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ 

 

 

ဖိလစ်ပိုင်လေတပ်ရှိ UH-1D ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် ည ၇ နာရီ အချိန်ခန့်တွင် ညပိုင်း ကျွမ်းကျင်မှု ပျံသန်းခြင်း လေ့ကျင့်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် လေတပ်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဂတ် ရီဘာရိုက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

 

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တစ်ဉီးမှာ ဒဏ်ရာရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း လေယာဉ်ပေါ်တွင် အမှုထမ်းသုံးဉီးနှင့် လေယာဉ်မှူးနှစ်ဉီး လိုက်ပါလာခဲ့ကြသည်။

 

 

မနီလာမြို့တော်မြောက်ဘက် ကွာရန်းမြို့ရှိ လေတပ်စခန်းတစ်ခုမှ အဆိုပါ ရဟတ်ယာဉ် ပျံတက်သွားပြီး သိပ်မကြာမီ ပျက်ကျခဲ့ကြောင်း ဖိလစ်ပိုင်လေတပ်က ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

2356