ဖောင်းပြင်မြို့နယ်၌ Quarantine စင်တာများ ပိတ်သမ်း

ဖောင်းပြင်   အောက်တိုဘာ   ၂၉

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများကို ပြည်သူ့ကျန်းမာရေးဌာနနှင့် မင်းကွန်းဓမ္မရိပ်သာတို့၌ စောင့်ကြည့်ကုသရေး စင်တာများ ဖွင့်လှစ်၍ စောင့်ကြည့်ကုသပေးခဲ့ရာ ယခုအခါ ရောဂါပိုးတွေ့ရှိမှု မရှိခြင်းကြောင့်လည်းကောင်း၊ လူနာများ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ အားလုံးဆင်းခွင့်ရ၍လည်းကောင်း အဆိုပါ စင်တာများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပိတ်သိမ်းခဲ့သည်။

 

 

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများကို ဇွန် ၂၃ ရက်တွင် စတင်တွေရှိခဲ့ပြီး အောက်တိုဘာ ၂၉ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၄၄ ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၇၁၉ ဦး၊ သေဆုံးသူ ၂၅ ဦးရှိပြီး သေဆုံးသူများအနေဖြင့် ဆေးရုံ၌ သေဆုံးခဲ့သူ ၁၇ ဦး၊ နေအိမ်အသီးသီး၌ သေဆုံးသူများအား ရောဂါပိုးစစ်ဆေးမှုပြုလုပ်ရာတွင် ရောဂါပိုးတွေ့ရှိခဲ့သူ ရှစ်ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

 

 

ကိုထွန်း(ဖောင်းပြင်)