ဖျာပုံ    မတ်    ၂၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီတို့ပူးပေါင်း၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဖျာပုံမြို့ ပြည်သူ့အားကစားကွင်းကြီး၌ ကျင်းပသည်။

အဆိုပါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပရာ Pionner FC နှင့် Gangster 1 FC အသင်းတို့ယှဉ်ပြိုင်ကြပြီး  Gangster 1 FC အသင်းက Pionner FC အသင်းကို ရှစ်ဂိုး-ခုနစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။   ထို့နောက်   ဖျာပုံမြို့နယ်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက   ပထမဆုရ   Gangster 1 FC အသင်းကို တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ချီးမြှင့်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်  ကာယပညာဦးစီးဌာန  မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်တို့က  ဒုတိယဆု၊ တတိယဆုနှင့်   အကောင်းဆုံးအားကစားသမားဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။               

ခရိုင်(ပြန်/ဆက်)