ပေကျင်း နိုဝင်ဘာ ၁၁

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးတပ်ဖွဲ့နှင့် လာအိုတပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် “Peace Train-2024” ဟု အမည်ရသည့် ဆေးဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို ယခုလနှောင်းပိုင်းတွင် လာအိုနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

 

ယခုကဲ့သို့ ဆေးဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပူးတွဲလေ့ကျင့်ခြင်းဖြင့်နှစ်နိုင်ငံ  တပ်မတော်များအကြား ဆက်ဆံရေးပိုမိုခိုင်မာလာမည်ဖြစ်ပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု များကို  နက်ရှိုင်းစွာ  ဆောင်ရွက်လာနိုင်မည်ဖြစ် ကြောင်း ၎င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဆေးဘက်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်  ဆေးတပ်ဖွဲ့ဝင် တပ်မတော်သားများက  လာအိုတပ်မတော်သားများနှင့် ပြည်သူများကို ဆေးကုသ ပေးမည်ဖြစ်ကြောင်းသိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ