PDF အမည်ခံအကြမ်းဖက်သမားများက မောင်တောခရိုင် ပညာရေးမှူးအား အကြောင်းမဲ့သတ်ဖြတ်

 

နေပြည်တော်  အောက်တိုဘာ  ၃

 

NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများ အား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများကို မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂ ရက် ည ၆ နာရီတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးရပ်ကွက် ဘူးသီးတောင်-ောင်တောကားလမ်းဘေးရှိ မောင်တောခရိုင် ပညာရေးမှူး ရုံးဝင်းအတွင်းရှိ နှစ်ထပ်ဆောင်၌ မောင်တောခရိုင် ပညာရေးမှူး ဒေါ်မြင်မြင့်စန်း (၆၀ နှစ်) (ဘ) ဦးမြဘူးအား အကြမ်းဖက်သူ အမျိုးသားသုံးဦးက အကြောင်းမဲ့ ဓားဖြင့်ဝိုင်းဝန်းထိုးနှက် သတ်ဖြတ် ခဲ့သဖြင့် ဒေါ်မြင်မြင့်စန်းတွင် ဓားဒဏ်ရာများရရှိခဲ့ကာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်