ပဲရစ်ဖက်ရှင်ပြပွဲကို တက်ရောက်ခဲ့ကြတဲ့ လီမင်ဟို၊ ဂွန်ရိုးနဲ့ ကင်ဂျေဝတ်ခ်

၂၅ ဇွန်

 


တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတွေဖြစ်ကြတဲ့ လီမင်ဟို၊ ဂွန်ရိုးနဲ့ ကင်ဂျေဝတ်ခ်တို့ဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ ပဲရစ်ဖက်ရှင်သီတင်းပတ်မှာ တက်ရောက်အားပေးခဲ့ကြတာကို တွေ့ရကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 


ဇွန်  ၁၈    ရက်ကနေ  ၂၃  ရက်အထိပြုလုပ်ခဲ့တဲ့ ပဲရစ်အမျိုးသားဖက်ရှင်ပြပွဲမှာတော့  ကမ္ဘာတစ်ဝန်းက အမျိုးသားအနုပညာရှင်တွေ တက်ရောက်အားပေးခဲ့ကြတာကိုတွေ့ရပြီး ဒီထဲမှာတော့ တောင်ကိုရီးယားရဲ့  နာမည်ကျော်တွေဖြစ်ကြတဲ့ လီမင်ဟို၊  ဂွန်ရိုးနဲ့  ကင်ဂျေဝတ်ခ်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

 

ဂွန်ရိုးကတော့ ဇွန် ၂၀ ရက်က  ပြုလုပ်ခဲ့တဲ့ ဖက်ရှင်ပြပွဲတစ်ခုကို တက်ရောက်ခဲ့တာဖြစ်ပြီး  မင်းသားဟာ    အပေါ်အောက်အနက်ရောင်ဝတ်စုံကို      ဝတ်ဆင်ခဲ့တာကိုလည်း တွေ့ရပါတယ်။  လီမင်ဟိုက  ဇွန်  ၂၁  ရက်မှာ      ပါဝင်တက်ရောက်ခဲ့တာဖြစ်ပြီး ဒီပွဲကိုတော့ မင်းသားဟာ သားရေကုတ်အင်္ကျီ အရှည်ကြီးကိုဝတ်ဆင်  တက်ရောက်ခဲ့ပါတယ်။ ကင်ဂျေဝတ်ခ်ကတော့  ဇွန် ၂၃ ရက်မှာ  မီးခိုးရောင်အနောက်တိုင်းဝတ်စုံနဲ့  ဖက်ရှင်ပြပွဲကို  တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။


ကြေးမုံ