ပဲရစ်မြို့ လုဖ် ပိရမစ် အနှစ် (၃၀) ပြည့်ပွဲကျင်းပ

၂၉ မတ် 


ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မှာ ဖန်သားလုဖ်ပိရမစ်ဟာ ဒီကနေ့ (သောကြာနေ့) မှာ နှစ် ၃၀ ပြည့်ပြီးဖြစ်ပါတယ်။ တရုတ်-အမေရိကန် ဗိသုကာပညာရှင် အိုင် အမ် ပိန် ရဲ့ ဒီဇိုင်းဖြစ်သော လုဖ် ပိရမစ် ကို ပြင်သစ်သမ္မတ ဖရန်စစ် မစ်တာရန် နဲ့ ယဉ်ကျေးမှုဝန်ကြီး ဂျက်လန် တို့ လက်ထက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

 

1


ပြင်သစ်နိုင်ငံမှာ ထင်ရှားတဲ့ street artist တစ်ဦးဖြစ်ရဲ့ JR က လုပ်အားပေး ၄၀ဝ လောက်နဲ့ လုဖ်ပိရမစ် ရဲ့ နှစ်(၃၀)ပြည့် မွေးနေ့ကို ကျင်းပဖို့ပြင်ဆင်နေကြပါတယ်။ 
ဗိသုကာပညာရှင် ပိန်ဟာ ဟောင်ကောင်နဲ့ ရှန်ဟိုင်းမြို့မှာ ကြီးပြင်းပါတယ်။ လာမယ့် လမှာ ပိန်ဟာ အသက် ၁၀၂ နှစ်ပြည့်မှာဖြစ်ပြီး ဖန်သားလုဖ်ပိရမစ် ကတော့ မတ်လ ၂၉ ရက်မှာ နှစ် ၃၀ ပြည့်မှာဖြစ်ပါတယ်။ လုဖ်ပိရမစ် တည်ဆောက်စတွင် ၉၀ ရာခိုင်နှုန်းသော ပဲရစ်မြို့သားတွေက ဆန့်ကျင့်ကြပါတယ်။ ဗြိတိန်မင်းသား ချားလ်စ် ကတော့ ဒီဖန်သားလုဖ်ပိရမစ် ဟာ အင်မတန် ကျက်သရေရှိတယ်လို့ ပြောကြားပါတယ်။ 

 

1


ပညာရှင် ပိန်ရဲ့ အမေရိကန်နိုင်ငံရှိ အမျိုးသား အနုပညာပြတိုက်ရဲ့ မော်ဒန်ဒီဇိုင်းပုံစံကို ပြင်သစ်သမ္မတ မစ်တာရန် က ကြိုက်နှစ်သက်တဲ့အတွက် လုဖ် အတွက် တစ်ခုခုလုပ်ပေးရန် ၁၉၈၄ ခုနှစ်မှာ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပိန်ဟာ အသက် ၆၀ ကျော်ပြီဖြစ်ပါတယ်။  လုဖ်ပိရမစ်ကို ၁၉၈၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးကြောင်း သိရပါတယ်။ 

 

1


ဖန်သား လုဖ်ပိရမစ် တည်ဆောက်စဉ်က ပိန်ရဲ့ရည်ရွယ်ချက်ဟာ  တစ်နှစ်ကို လူ ၂ သန်းလောက် လာရောက်ကြည့်ရှု့ရန်သာ ဖြစ်ပေမယ့် မနှစ်က လာရောက်လည်ပတ်သူ ၁၀ သန်းကျော် လာရောက် လည်ပတ်ခဲ့တာကို တွေ့ရပါတယ်။ 


MDN
ကိုးကား - AFP

 

1