ပွဲဉီးထွက် တေးအယ်လ်ဘမ်နဲ့ ဂင်းနစ်မှတ်တမ်းဝင်ဖြစ်လာတဲ့ လီဆာ

အောက်တိုဘာ ၁၀

ကျော်ကြားတဲ့ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူလီဆာဟာ တောင်ကိုရီးယား အမျိုးသမီးတေးဂီတ အဖွဲ့ Black Pink ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ မကြာသေးမီက ပထမဆုံးသော တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး အဆိုပါ တေးအယ်လ်ဘမ်နဲ့ ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လီဆာရဲ့ ပွဲဦးထွက်တားအယ်လ်ဘမ် Lalisa ရဲ့ ခေါင်းစီးတေးဟာ စတင်ထုတ်လွှင့် ခဲ့ပြီးနောက် ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံး တေးဗီဒီယိုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အဆိုပါတေးဗီဒီယိုဟာ တစ်ကိုယ်တော် တေးသံရှင်တွေရဲ့ ထုတ်လွှင့်ခဲ့သမျှသော တေးဗီဒီယိုတွေအနက် ယူကျုကနေတစ်ဆင့် ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံး တေးဗီဒီယိုအဖြစ် ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါတေးဗီဒီယိုကို စတင်ထုတ်လွှင့် ခဲ့ပြီးနောက် ၂၄ နာရီအတွင်း ယူကျုပေါ်ကနေတစ်ဆင့် ကြည့်ရှုသူ ၇၃ ဒသမ ၆ သန်း ရှိခဲ့ ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်မှာ လီဆာအနေနဲ့ ဂင်းနစ်မှတ်တမ်းဝင်တစ်ဦးဖြစ်လာကြောင်း တရားဝင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခင်က အဆိုပါစံချိန်ကို အမေရိကန် ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်က သူ့ရဲ့ တေးသီချင်း Me နဲ့ ရယူထားနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်