ပျားမွေးမြူရေးသင်တန်းဆင်းပွဲ၌ မြေနီကုန်းကျေးရွာသို့ ပျားအုံ(၂၅)အုံ ပေးအပ်

နောင်တရား ၂၁ ဖေဖော်ဝါရီ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မြေနီကုန်း ကျေးရွာ၌ ရှမ်းပြည်နယ် ပျားလုပ်ငန်းဌာန ကလောမြို့နယ်ဦးစီးရုံးမှ ဖွင့်လှစ်သည့် အစားထိုးအသက် မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြု ပျားမွေးမြူရေးပညာပေးသင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက မိမိဒေသ၌စိုက်ပျိုး သီးနှံများ၏အသီးအပွင့်ဝတ်မှုံကူးခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်မည်ဖြစ်သည့်အပြင် ပျားရည်ထုတ်လုပ်ခြင်းတွင်လည်း ပိုမိုဝင်ငွေရရှိမည်ဖြစ်သည့်အတွက် ပျားမွေးမြူရေးလုပ်ငန်းတွင်လည်း အောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပျားလုပ်ငန်းဌာန ကလောမြို့နယ်ဦးစီးရုံးမှ ဦးစီးမှူးဦးကျော်လင်းက သင်တန်းမှသင်ယူရရှိသည့် နည်းပညာများဖြင့် စီးပွားဖြစ် ပျားမွေးမြူရေးလုပ်ငန်းတွင်အသုံးပြုကာ ပျားလုပ်ငန်းများကို ရှေ့ဆက်အောင်မြင်အောင် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။ ပျားမွေးမြူရေးသင်တန်းတွင် သင်တန်းသား ၁၀ ဦးကို လက်ခံသင်ကြားပေးခဲ့ပြီး မြေနီကုန်းကျေးရွာအတွက် ပျားအုံ ၂၅ အုံကို ပျားမွေးမြူရေးလုပ်ငန်း အတွက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)

 

mdn

 

Related Articles