ဩစတြေးလျနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၄၈၄ ဦးရှိ

၂၂ ဇူလိုင်

 

 

ဩစတြေးလျနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၄၈၄ ဦးရှိကြောင်း ဒီနေ့ (ဗုဒ္ဓဟူးနေ့) ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများအပြားဟာ ဗစ်တိုးရီးယားပြည်နယ်မှာ တွေ့ရှိတာ ဖြစ်ပါတယ်။ ပြည်နယ် မြို့တော် မဲလ်ဘုန်းမြို့ဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်လာတဲ့အတွက် ထိန်းချုပ်ရန် ရုန်းကန်နေရကြောင်း၊ မြို့ကိုလည်း သီတင်းနှစ်ပတ်တိတိ အသွားအလာ ကန့်သတ်ထားကြောင်း သိရပါတယ်။

 

 

ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်နီရယ် အန်ဒရူးစ် က ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄၈၄ ဦးနဲ့ သေဆုံးသူ ၂ ဦးကြောင်း ဒီနေ့ ကြေညာလိုက်ရာ ဗိုင်းရပ်စ်ရောဂါပိုး လက်ရှိခံစားနေရသူ ၃,၄၀၀ ကျော်ရှိကြောင်း သိရပါတတယ်။

 

 

ဩစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၁၃,၀၀၀  နဲ့ သေဆုံး ၁၂၈ ဦးရှိကြောင်း သိရပါတတယ်။

 

 

မဲလ်ဘုန်းမြို့ခံတွေအား လူမြင်ကွင်းနေရာတွေသို့ သွားရောက်တိုင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရမယ်လို့ ညွှန်ကြားထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ထိန်းချုပ်ရန်  ဗစ်တိုးရီးယားပြည်နယ်ဟာ နိုင်ငံရဲ့ တခြား နေရာတွေကို သွားလာခွင့်ပိတ်ပင်ထားပေမယ့် အိမ်နီးချင်း နယူးဆောက်ဝေးလ်ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေ ရှိလာကြောင်း သိရပါတယ်။

 

 

နယူးဆောက်ဝေးလ်ပြည်နယ် အုပ်ချုပ်ရေးမှူးက လာမယ့်သီတင်းပတ်တွေမှာ ပြည်နယ်အတွက် အထူးအရေးကြီး သတိပေး လိုက်ပါတယ်။ ပြီးခဲ့ အသွားလာ ကန့်သတ်ပိတ်ဆို့ချိန်မှာ နယူးဆောက်ဝေးလ်ပြည်နယ်တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများအပြား တွေ့ရှိခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP