နယူးဇီလန်နိုင်ငံမှာ ဗလီနှစ်ခု တိုက်ခိုက်ခံရပြီး သေနတ်ထိန်းချုပ်ရေး တင်းတင်းကျပ်ကျပ်လုပ်မယ်

၁၈ မတ်

နယူးဇီလန်နိုင်ငံမှာ သေနတ်ထိန်းချုပ်ရေး တင်းတင်းကျပ်ကျပ်လုပ်မယ်လို့ ဒီကနေ့ အစိုးရက ကြေငြာလိုက်ပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ်က  သေနတ်သမား ဘရန်တန် တာရန့် က လက်နက်ကိုအသုံးပြုပြီး သောကြာနေ့က ပစ်ခတ်မှုလုပ်ခဲ့ပါတယ်။ အဲဒီလို အဖြစ်အပျက်မျိူးကို လျှော့ချရန် သူ့ရဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့က ဆုံးဖြတ်ချက်ကို စည်းလုံးလုံးနဲ့ ချက်ခဲ့ကြောင်း  ပြောကြားလိုက်ပါတယ်။ 

 

22

 

လူမှုဆက်သွယ်ရေးကွန်ယက်ဟာလည်း စောင့်ကြည့်ရမယ့်အခြေအနေမှာရှိနေပါတယ်။ သေနတ်သမားက ပစ်ခတ်နေပုံကို Facebook ကနေ live လွှင့်ထုတ်ခဲ့ရာ အဲဒီ ဗီဒီယို Facebookကနေ ဖြုတ်ချခဲ့ပေမယ့် ဆယ်ကျော်သက်ရွယ်တစ်ဦးက အဲဒီဗီဒီယိုကို ဖြန့်ခဲ့တဲ့အတွက် အဲဒီလူငယ်ကိုလည်း ဒီကနေ့ (တနင်္လာနေ့) မှာ တရားရုံးထုတ်ခဲ့ကြောင်း သိရပါတယ်။ 

 

3

 

ပြီးခဲ့တဲ့ သောကြာနေ့က လူဖြူလူမျိုးရေးခွဲခြားသူတစ်ဦးက ဗလီနှစ်ခုကို  ဝင်ရောက်ပစ်ခဲ့ရာ လူ၅၀ ဦးသေဆုံးပြီး လူ ၃၁ ဦးဟာ ဆေးရုံမှာ ဆေးကုသခံယူနေဆဲဖြစ်ပြီး ၉ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  သေဆုံးသူတွေဟာ အသက် ၃ နှစ်ကနေ ၇၇ နှစ်အရွယ်ကြားရှိကြောင်း ထပ်လောင်း ပြောကြားပါတယ်။  ဒီကနေ့အထိ နိုင်ငံတဝန်းမှာ ဝမ်းနည်းခြင်းအထိမ်းမှတ်တွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ 

အဲဒီသေနတ်သမားက တရားရုံးမှာ အစိုးရရှေ့နေကို ပယ်ချပြီး ကိုယ်တိုင်လျှောက်လဲမယ်လို့ ဆိုပါတယ်။ 

MDN
ကိုးကား - AFP