ဇန်နဝါရီ ၂၃
နယူးဇီလန်နိုင်ငံ မြောက်ကျွန်းရှိ ပလေးတိန်ပင်လယ်အော် အနောက်ဘက်တွင် မြေပြိုမှုတစ်ခုဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးကြောင်း နယူးဇီလန်နိုင်ငံရှိ တရုတ်သံရုံးက ယနေ့တွင် ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံ ပလေးတိန်ပင်လယ်အော်ဒေသ မောင်ဂါနူအီတောင်ခြေရှိ ဥယျာဉ်တစ်ခုတွင် ယမန်နေ့က မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားပြီးနောက် ကလေးသူငယ်များ အပါအဝင် လူအများအပြား ပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။
မြောက်ကျွန်း၏ အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြုံတွေနေရကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


