နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ၂၂၂ ဦးအနက် ၆၆ ဦး ဆေးရုံဆင်းခွင့်ရရှိ                

နတ်မောက် ဇူလိုင်  ၁၆                                                            

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၂၂၂ ဦး ရှိပြီး ယနေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူ ၆၆  ဦးရှိပြီဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီး နှင့် Covid  Centre  (2) တို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ   ၂၂၂ ဦးအနက် ၆၆ ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ   ၁၁ ရက် ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်းနှင့် လက်ရှိ  မြို့နယ်ပြည်သူ့ဆေးရုံကြီး နှင့် Covid  Centre  (2) တို့တွင် ဆေးကုသမှုခံယူနေသူ       ၁၅၆  ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှှသိရသည်။ 

 

လှဝင်း (  နတ်မောက်  )