နတ်မောက်မြို့နယ်တွင်  ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၄ ဦးရှိပြီဖြစ်    

နတ်မောက်   ဇူလိုင်  ၁၄                
        
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ  ၁၉၄ ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့  ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက လာရောက် စစ်ဆေးသူ ၅၁  ဦးအနက် နတ်မောက်မြို့နယ် ဖျောက်ဆိပ်ပင်စာသင်တိုက်မှ သံဃာ (၂၁)ပါး၊ ဈေးရပ်ကွက်မှ (၁)ဦး၊ တမာပင် ရပ်ကွက်မှ (၁)ဦး၊ ဈေးသာကျေးရွာမှ (၂)ဦး၊ ရွာတော်ကျေးရွာမှ (၁)ဦး၊ စမ်းကန်ကျေးရွာမှ (၁)ဦး၊ ရန်အောင်မြင်ရပ်ကွက်မှ (၂)ဦး၊ မြေခြားကျေးရွာမှ (၁)ဦး၊ ဆေးရုံဝင်းမှ (၁)ဦး  စုစုပေါင်း(၃၁)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ကြောင်း သိရသည်။ 

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ယနေ့အထိ  ၁၉၄ ဦးရှိပြီး ဆေးရုံမှဆင်း ခွင့်ရရှိသူ ၃၆ဦးအား မိမိနေအိမ်၌ Home Quarantine (၇)ရက်နေထိုင်ရမည်ဖြစ်ကြောင်း၊ ကျန်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၈ ဦးကို  မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး ကိုဗစ်စင်တာ(၂)တွင်  ၁၄၀ ထားရှိ ကုသပေးနေကြောင်း သိရသည်။   

သင်းသင်းဝေ(နတ်မောက်)