နတ်မောက်မြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်

နတ်မောက် ဖေဖော်ဝါရီ ၂၇

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးလျက်ရှိသည်။

 

သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က “ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကို ခေတ်နှင့်အညီ လူတိုင်း ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် လုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်လာပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက် အားလပ်ရပ်များတွင် ကွန်ပျူတာအခြေခံသင်တန်းသို့ တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူများ အနေဖြင့် လာရောက်သင်ယူ လေ့လာနိုင်ပါ​ကြောင်း၊ ယခုတက်ရောက်နေသော သင်တန်းသား/ သင်တန်းသူများ အနေဖြင့်လည်း  သင်တန်းကာလအတွင်း သတ်မှတ်ထားသည့် သင်တန်းအချိန်ဇယားများအတိုင်း အလေးထား သင်ယူစေချင်ပါကြောင်း၊ ဆက်လက်၍လည်း သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း” သင်တန်းသား/ သင်တန်းသူများအား ပြောကြားခဲ့သည်။

 

အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ ကွန်ပျူတာသင်တန်းကို သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၁၈)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံ ဘာသာရပ်များကို နေ့စဉ် နံနက် ၉ နာရီမှ ၁၀ နာရီအထိ ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၃၁ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။

 

မူမူစန်း