နတ်မောက်မြို့၌ ဒုတိယအသုတ်(ပထမအကြိမ်) ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ( ၄၄၂၀  )ဦး ရှိပြီဖြစ်

နတ်မောက်       စက်တင်ဘာ       ၂၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် စက်တင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ ဒုတိယအသုတ် (ပထမအကြိမ်) ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၂၀)ရက်နေ့အထိ စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ (  ၄၄၂၀  )   ရှိပြီဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင်  အသက်အရွယ်ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုး နှံနိုင်ရေးအတွက် ဆေးထိုးစုရပ်(၆) နေရာခွဲ၍ ထိုးနှံပေးလျက်ရှိပြီး မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်       (  ၁၂၁၅  )ဦး၊ နတ်မောက် အ.ထ.က(၁)တွင် (၈၂၅ )ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၇၅၀)၊ ရွှေပန်းတော တိုက်နယ်ဆေးရုံတွင် (   ၈၇၀  ) ၊ ဖန်းခါးစမ်း တိုက်နယ်ဆေးရုံတွင် (   ၁၀၅  )ဦး၊ စိုင်ကောင်း အ.ထ.က တွင် ( ၆၅၅ )ဦး စုစုပေါင်း(  ၄၄၂၀ )  ထိုးနှံပြီးစီးကြောင်း သိရသည်။

 

နတ်မောက်မြို့နယ်တွင် ဒုတိယအသုတ် (ပထမအကြိမ်) ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ သံဃာတော်များနှင့်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်း နှင့်ဝန်ထမ်းမိသားစုဝင်များ၊ အခြားပုဂ္ဂလိကမှဝန်ထမ်းများ၊ ဟိုတယ်မိုတယ်မှဝန်ထမ်းများ၊ အကျဉ်း/ အချုပ်သားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊  Volunteer အဖွဲ့ဝင်များ၊ ဈေးသည်များနှင့် အသက် (၁၈) နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းဦးရေ  ( ၄၄၂၀) လာ‌ရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်