နတ်မောက်မြို့ မြန်မာ့စီးပွားရေး ဘဏ်မှတဆင့် နေပြည်တော်ဘဏ်ခွဲသို့  COVID-19 ကာကွယ်ဆေးဝယ်ယူနိုင်ရေး အလှူငွေများလှူဒါန်း   

နတ်မောက် ၂၀ ဇန်နဝါရီ  

မကွေးတိုင်းဒေသကြီး   နတ်မောက်မြို့နယ်၌ နိုင်ငံတော်၏ COVID-19  ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေး အတွက် နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  အလှူငွေများလှူဒါန်းနိုင်ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ အလှူငွေ ၅၀၀၀၀ဝ၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းမိသားစုမှ    အလှူငွေကျပ် ၄၁၀၀ဝ၊ ဦးကောင်းလေးနှင့် ဇနီးဒေါ်ရီရီမွန် မိသားစု (ရွှေနတ်မင်းစတီး၊ အလူမီနီယမ်လုပ်ငန်း) မှအလှူငွေကျပ် ၅၀၀၀ဝ  လှူဒါန်းခဲ့ရာ နေပြည်တော်ဘဏ်ခွဲရှိ COVID-19 ကာကွယ်ရေးဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်း (OA-013733) သို့ပေးပို့လှူဒါန်းခဲ့ရာ နတ်မောက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ လှူဒါန်းငွေများကို ငွေလွှဲခဝန်ဆောင်မှု အခမဲ့ဖြင့် နေပြည်တော်ဘဏ်ခွဲသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း မြန့်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

လှဝင်း(နတ်မောက်)