နယူးဒေလီ ၁ အောက်တိုဘာ
အိန္ဒိယနိုင်ငံသည် ကီလိုမီတာ ၄၀ဝ ခန့်အကွာရှိ ပစ်မှတ်များအား ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်းရှိသည့် အသံထက်မြန်သော ဘရာမော့စ်ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာ ယနေ့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။
အသံထက် သုံးဆနီးပါး ပိုမြန်သော အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို အိန္ဒိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့က သြဒိသျှပြည်နယ် ဘလာဆောကမ်းလွန်ပင်လယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်ကို အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သော ဘရာမော့စ်အေရိုစပေ့စ်ကုမ္ပဏီက တည်ဆောက်ပြီး ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ဒုံးကျည်သည် ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် မြေပြင် ဒုံးပစ်စင်များမှ တစ်ဆင့် ပစ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ပီတီအိုင်
ဘာသာပြန် - ဂျေတီ