၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်တွင် ဇန်နဝါရီလ(၄)ရက်နေ့၊ နံနက်(၇)နာရီအချိန်မှ စတင်ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားကျင်းပပုံများကို ယင်းနေ့ နံနက်(၆)နာရီ၊ မိနစ်(၄၀)မှစတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ MITV၊ Up to Date၊ Channel 9၊ MNTV၊ MRTV-4၊ မြဝတီရုပ်မြင်သံကြား(MWD)၊ မြန်မာ့အသံရေဒီယို၊ Ministry of Information Facebook Page ၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်