ညောင်ဦးမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ တပို့တွဲလ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ညောင်ဦး  ဖေဖော်ဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ဌာနဆိုင်ရာများ၊ ညောင်ဦး ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များစုပေါင်း၍ တပို့တွဲလ ထမနဲထိုးပြိုင်ပွဲကျင်းပခြင်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊မြို့နယ်ရုံးဝင်းအတွင်း ယနေ့နံနက်ပိုင်းက ထမနဲထိုးပြိုင် ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် အဖွဲ့(၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြပြီး  ထမနဲအရသာနှင့် ပါဝင်ပစ္စည်းများ ပြည့်စုံမှုရှိ/ မရှိ၊ အရောင်အဆင်း စသည်တို့ကို အကဲဖြတ်ဒိုင်(၅)ဦးက ဆုံးဖြတ်ကာ ပြိုင်ပွဲတွင်ဆုရရှိသည့် ထမနဲထိုးအဖွဲ့များကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ် စီမံအဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ပေးအပ်ခဲ့သည်။

ဒီပါလင်း