ညောင်တုန်း အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ နိုင်ငံအေးဘုရားကြီး၌ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်ရှိ နိုင်ငံအေးဘုရားကြီးရင်ပြင်၌ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)


