mdn

ညောင်တုန်း   အောက်တိုဘာ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ နိုင်ငံအေးဘုရားကြီး၌ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်ရှိ နိုင်ငံအေးဘုရားကြီးရင်ပြင်၌  ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)