ညောင်တုန်းမြို့၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ညောင်တုန်း                 စက်တင်ဘာ                 ၂၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစတင်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်ဆက်)