ညောင်ရွှေနှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၂၇ ဖေဖော်ဝါရီ 

 

ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာ တောင်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁ ဒသမ ၅)ဧကခန့်အား ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူး သက်နိုင်ဦး ဦးစီးပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးကျေးရွာအနီး၌ အမြင့် ၈ လက်မခန့်ရှိ ဘိန်းစိုက်ခင်း(၄) ဧကခန့်အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN