ညောင်ရွှေ ၆ မတ်     

 

ညောင်ရွှေမြို့နယ် ကိုရိုနာဗိုင်းရပ်(စ်) COVID-19ရောဂါ စောင့်ကြည့်၊ စစ်ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီသည် ကိုရိုနာဗိုင်းရပ်(COVID-19)ရောဂါ ကူးစက်ဖြစ်ပွားလာမှု မရှိစေရေးအတွက်  အထက(၁) ညောင်ရွှေ ကျောင်းဝန်းအတွင်း Facility Quarantine (သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်ခြင်း နယ်မြေ) သတ်မှတ်၍ လိုအပ်သော အထောက်အကူပြုပစ္စည်းများနှင့် ကြိုတင်ပြင်ဆင်ထားရှိရာ ဧပြီ ၆ ရက် ယနေ့ နံနက်ပိုင်းတွင် ပြည်ပမှပြန်လည် ရောက်ရှိလာသူ အသက်(၃၃)နှစ်အရွယ်အမျိုးသားတစ်ဦး၊ ရန်ကုန်မှပြန်လာသူ အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၃)ဦးအား မြို့နယ်ကျန်းမာရေးဌာနမှ လိုအပ်အပ်သည့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး Facility Quarantine ထားရှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအယ်ဘဲ