ညောင်လယ်၊ တဇန်း ကျေးရွာများတွင် ဓာတ်အားလိုင်းစတင်တည်ဆောက်

ဂန့်ဂေါ  ၁၃   မေ

 

ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာနှင့် တဇန်းကျေးရွာတို့တွင် 11 KV ဓာတ်အားလိုင်းများကို ယောမင်းသမီး ကုမ္ပဏီက ယခုလတွင် စတင်တည်ဆောက်လျက်ရှိရာ ဂန့်ဂေါခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ဂန့်ဂေါမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိ သူများသည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

8526

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြေယာကန့်ကွက်မှုများ၊ လမ်းနယ်နမိတ်နှင့် ကင်းလွတ်မှုရှိ၊မရှိ၊ မြေဝင် အနက် မှန်မမှန်၊ လိုင်းအူကြောင်း ဖြောင့်တန်းမှုရှိမရှိ၊ ပတ်ဝန်းကျင်နှင့်လူနေအိမ်များအတွက် အန္တရာယ် ကျရောက်မှုရှိမရှိ စသည့်အချက်များကို ဦးစားပေးစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

၁၄၄