ညောင်လေးပင်မြို့၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

ညောင်လေးပင် စက်တင်ဘာ ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင် ၊ညောင်လေးပင်မြို့နယ် စံဖဲကျေးရွာ၌   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အသံချဲ့စက်ဖြင့်  အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

အသိပညာပေး နှိုးဆော်ရာတွင် ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက် မှု မှ ကာကွယ်နိုင်ရန် အိမ်အတွင်း၌သာ အတတ်နိုင်ဆုံး နေထိုင်ကြရန်၊ မိမိအိမ်သို့ ဧည့်သည်များလာရောက်ခြင်းနှင့် အခြားသူများထံသို့ သွားရောက်ခြင်းမှ ရှောင်ကြဥ်ရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များစနစ်တကျတပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး ၆ ပေခွာ၍ ပြောဆိုဆက်ဆံရန်၊လူစုလူဝေး ရှောင်ရှားရန် ၊လက်ကိုမကြာခဏဆေးကြောရန်၊လက်ကို ဆေးကြောခြင်းမပြုဘဲ မျက်စိ၊နှာခေါင်း၊ပါးစပ်တို့ကို ကိုင်တွယ်ခြင်းမပြုရန်၊လေဝင်လေထွက် မကောင်းသောအခန်းများတွင် နေထိုင်ခြင်းမှ ရှောင်ရှားရန် ၊အ ပြင်ထွက်ရာမှ ပြန်လာတိုင်း၊ အများနဲ့တွေ့ဆုံပြီး ပြန်လာတိုင်း နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးရန်၊ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးအားအမြန်တားဆီးကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများက ကို်ယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တို့ကို  အသိပညာပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ရေးကို  ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

နီနီဝင်း(ပြန်ဆက်)