နှမ်းအထွက်နည်းသော်လည်း ဈေးကောင်းရ၍နှမ်းစိုက် တောင်သူများ အဆင်ပြေ  

ပေါက်  ၁၈ ဇူလိုင်  


ပခုက္ကူခရိုင် ပေါက်မြို့နယ်၌ မိုးဦးကာလတွင် ရေသွင်းပြီး နှမ်းစိုက်ပျိုးသော တောင်သူများ ယခုအခါ နှမ်းများရိတ်သိမ်း ရောင်းချလျှက်ရှိရာ နှမ်းအထွက် နည်းသော်လည်း ဈေးကောင်းရရှိသဖြင့် အဆင်ပြေလျှက်ရှိကြောင်း သိရသည်။


“ဒီနှစ် မိုးဦးက တော်တော်လေး မိုးနည်းပါတယ်။ ဒီသီးချောက်မြောင်းရေ ရလို့ရေသွင်း၊ ရေတင်စိုက်ရတာပါ။ အထွက်တော့နည်းပေမဲ့ အခုနှမ်းဈေး ကောင်းတော့ လုပ်ရကိုင်ရတာ အဆင်ပြေပါတယ်” ဟု လယ်လန်းကျေးရွာအုပ်စု၊ လယ်လန်းကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးဘိုတင့်က ပြောပြသည်။

 

1

 


အဆိုပါ လယ်လန်းကျေးရွာ နှင့် သီးချောက်၊ သရဖီ၊ ရွာသာအေး၊ မြေခြား၊ သပွတ်စု၊ ဒေါင်းသာကျေးရွာများမှ တောင်သူများသည် သီးချောက်ဆည် မြောင်းရေကို မှီခိုအားထား စိုက်ပျိုးလျှက်ရှိရာ ယခုနှစ် မိုးဦးကာလ၌ ဒေသအခေါ် စမုံနက် (နှမ်းနက်) များကိုစိုက်ပျိုး ရိတ်သိမ်းရောင်းချလျက်ရှိသည်။ ယင်းသို့ ရောင်းချရာတွင် ယခင်နှစ်က တစ်ဧကလျှင်နှမ်း (၁၅) တင်းမှ (၂၀) ကျော်ထိထွက်ရှိ၍ တစ်တင်းလျှင် ၃၀ဝ၀ဝ မှ ၅၀ဝ၀ဝ ကျပ် အထိရရှိခဲ့ရာ ယခုနှစ်တွင် တစ်ဧကလျှင် (၈) တင်းမှ (၁၈) တင်းခန့်ထိသာ ထွက်ရှိသော်လည်း နှမ်းအရည်အသွေးပေါ်မူတည်၍ တစ်တင်းလျှင်  ၈၀ဝ၀ဝ မှ  ၉၀ဝ၀ဝ ကျပ်အထိ ဈေးကောင်းရရှိသဖြင့် နှမ်းစိုက် တောင်သူများ အဆင်ပြေလျှက်ရှိကြောင်း  သိရသည်။


ဉာဏ်တိုး(ပေါက်)