ရန်ကုန် ၂၅ နိုဝင်ဘာ
နိုင်ငံတကာမှ ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များ ကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ သာကေတမြို့နယ် မင်းနန္ဒာလမ်းရှိ Myanmar Expo Hall @ Fortune Plaza တွင် နိုဝင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သုံးရက်တိုင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် လေအေးပေးစနစ်များ၊ လုံခြုံရေးနှင့် မီးသတ်လုပ်ငန်းဆိုင်ရာများ၊ လျှပ်စစ်၊ စွမ်းအင်နှင့် ရေသန့်စင်ရေး စက်မှုလုပ်ငန်းဆိုင်ရာတို့ကိုလည်း ပြသမည့်အပြင် နိုင်ငံတကာမှ နိုင်ငံပေါင်း(၂၈)နိုင်ငံကျော်မှ ကုမ္ပဏီပေါင်း (၃၅၀)ကျော်မှ ကုန်ပစ္စည်းအ မျိုးအစားများစွာကို ပြသသွားမည်ဖြစ်သည်။
ယင်းပြပွဲကြီးတွင် MYANBUILD 2019၊ MYANWATER 2019၊ MYANENERGY 2019၊ MIYAR 2019၊ GREENP OWER 2019၊ MYANMAR HARDWARE 2019၊ MYANCON CRETE 2019 နှင့် MISEF 2019 တို့ ပူးပေါင်းပြသခြင်းဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာများ ဆိုင်ရာနိုင်ငံတကာမှ ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များ ကုန်စည်ပြပွဲကြီးကို သုံးရက်တိုင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်