နိုင်ငံတကာ အိုလံပစ်ကော်မတီတာဝန်ရှိသူများ တိုကျိုအိုလံပစ်ပွဲပြင်ဆင်မှုများအတွက် ညှိနှိုင်းဆောင်ရွက်ရန် ဂျပန်သို့ သွားရောက်

ဇွန် ၁၅

 

နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)တာဝန်ရှိသူများသည် တိုကျို ၂၀၂၀ အိုလံပစ်အားကစားပွဲ နောက်ဆုံး ပြင်ဆင်မှုများအတွက် ညှိနှိုင်းဆောင်ဆောင်ရွက်ရန် ဇွန် ၁၆ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။

 

IOC ညှိနှိုင်းရေးကော်မရှင်ဥက္ကဋ္ဌ John Coates သည် သုံးရက်ကြာ သီးသန့်ခွဲနေထိုင်ပြီးမှသာ တာဝန်ရှိသူများနှင့် စတင်လုပ်ဆောင်သွားမည်ဟု သိရသည်။

 

John Coates သည် မြို့တော်တိုကျိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားလင့်ကစား တိုကျိုအိုလံပစ် အားကစားပွဲများကို ရှေ့ဆက်လုပ်ဆောင်နိုင်ကြောင်း ပြီးခဲ့သည့်လက သတင်းစာရှင်းလင်းပွဲတွင် အလေးထား ပြောကြားခဲ့ပြီးနောက် ဤခရီးစဉ် ဖြစ်လာခြင်း ဖြစ်သည်။

 

အားကစားပွဲကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများတွင် တိုကျိုအိုလံပစ်အားကစား စီစဉ်ရေးကော်မတီ၏ တာဝန်ရှိသူများနှင့် အွန်လိုင်းတွင် ဆွေးနွေးခဲ့ပြီးဖြစ်သော ရောဂါကူးစက်မှု အန္တရာယ်လျှော့ချရေးဆိုင်ရာ အစီအမံများ မည်သို့ပြင်ဆင်ရမည်ဟူ၍ ပါဝင်သည်။

 

အိုလံပစ်အားကစားပွဲ စီမံခန့်ခွဲရေးညွှန်ကြားရေးမှူး ခရစ်စတိုဖီဒူဘိုင်းနှင့် ညှိနှိုင်းရေးကော်မရှင်ဒုတိယဉက္ကဌ အဲလက် ဂီလေဒီတို့လည်း ဇွန် ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို