နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင်  အောင်မြေအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်     ဧပြီ     ၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများလိုက်ပါ၍   ကိုကိုးကျွန်းမြို့နယ်ရှိ  ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့်  ဘင်္ဂလားပင်လယ်အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင်  အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခြင်းအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်ချီးမြှင့်သည်။   

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ        နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည်    ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိကြရာ     ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်  တာဝန် ရှိသူများ၊  ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများနှင့် ရပ်မိရပ်ဖများက လှိုက်လှဲနွေးထွေးစွာ     ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက် ကိုကိုးကျွန်းလေဆိပ် ဧည့်ခန်းမဆောင်တွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး တို့က    ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများ  နေ့လယ်စာ စားသုံးနိုင်ရန်အတွက် စားသောက် ဖွယ်ရာများကို ပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည်     ကပ္ပလီ ပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal)   ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာသို့  ရောက်ရှိကြရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊  ကျောင်းသား ကျောင်းသူများ၊   ရေကြောင်း လူငယ်မောင်မယ်များနှင့် ဘင်ခရာ အဖွဲ့တို့က   ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင်     အောင်မြေ အထိမ်းအမှတ်     ကျောက်တိုင် ဖြစ်ပေါ်လာပုံနှင့်   ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက   ရှင်းလင်း တင်ပြပြီး    အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ဖွင့်ပွဲအခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်     ကာကွယ်ရေး ဦးစီးချုပ်(ရေ)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 

ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ကပ္ပလီ ပင်လယ်ပြင်(Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal)    ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာ    အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက်  ကာကွယ်ရေးဦးစီးချုပ်(ရေ)   က ပင်လယ်နှစ်ခုဆုံမှတ်  တည်နေရာ တွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ  အထိမ်းအမှတ် အမှတ်တရ     လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊  အဖွဲ့ဝင်များ သည်  ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာ  အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ကို   အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ကိုကိုးကျွန်းသည်    ကပ္ပလီ ပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal)   ဆက်စပ်နေရာတွင် တည်ရှိပြီး  မင်္ဂလာကျွန်း၊ စလစ်ပါ ကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်း နှင့်  ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီး ကျွန်းမှ  ရေမိုင်  ၁၂၅ မိုင်အကွာတွင်     တည်ရှိသည့် ကျွန်းဖြစ်ကြောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်  ဒီဇင်ဘာ  ၂၈ ရက်တွင် လာရောက်သည့်  ကိုကိုးကျွန်းမြို့ ခရီးစဉ်တွင်  ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့်  ဘင်္ဂလား ပင်လယ်အော် (Bay of Bengal) ဆုံမှတ်နေရာ (Victorious Point)တွင် အထိမ်းအမှတ်ကျောက်တိုင် တစ်ခုကို စိုက်ထူရန်  လမ်းညွှန် ချက်အရ   ယခုကဲ့သို့  အောင်မြေ အထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူခဲ့ခြင်း    ဖြစ်ကြောင်း၊ ဘင်္ဂလား     ပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အရှေ့မြောက်ဘက် ပိုင်း   ရေပြင်ဖြစ်ကာ  အနောက် နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊    အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊   တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ဘင်္ဂလား ပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင် အကျယ်ဆုံး    ပင်လယ်အော်ဖြစ် ကြောင်း၊    ကပ္ပလီပင်လယ်ပြင် (Andaman Sea) သည် အိန္ဒိယ သမုဒ္ဒရာ၏ အရှေ့မြောက် အစွန် အဖျားအကျဆုံး ရေပြင်ဖြစ်ကာ အရှေ့ဘက်တွင်   မုတ္တမပင်လယ် ကွေ့တစ်လျှောက်ရှိ   မြန်မာနိုင်ငံ ကမ်းရိုးတန်း၊ ထိုင်းနိုင်ငံ  ကမ်းရိုး တန်းနှင့်         မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့်  နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ကပ္ပလီ         ပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း ၏ အဓိကအရေးပါသည့် ရေလက် ကြားတစ်ခုဖြစ်သော  မလ္လကာ ရေလက်ကြားနှင့်လည်း ဆက်စပ် တည်ရှိနေကြောင်း၊    ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်   ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့    ရေလမ်းကြောင်း၊ တောင်ဘက်၌    ကိုကိုးရေလမ်း ကြောင်းများ       တည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ် နိုင်ငံခြား      ကုန်သွယ်ရေယာဉ် အစင်းရေ ၈၀ဝ၀ ခန့် ဖြတ်သန်း သွားလာလျက်ရှိသဖြင့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက် သာမက မြန်မာနိုင်ငံ၏ ရေကြောင်း အကျိုးစီးပွား    အတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြောင်း သိရှိရသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် ဗျိုင်းကျွန်းနှင့် ဂျယ်ရီကျွန်း ကြား    ဆက်စပ်မြေသားလမ်း ဖောက်လုပ်နေမှုအား    ကြည့်ရှု စစ်ဆေးပြီး   တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်   လိုအပ် သည်များ    လမ်းညွှန်မှာကြား သည်။

ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊ အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ ရှိ အကျဉ်းစခန်းဟောင်းနေရာနှင့် အဆောက်အအုံများအား မူလပုံစံ အတိုင်း ပြန်လည်ပြုပြင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည်  နယ်မြေခံရေတပ်စခန်း ဌာနချုပ် အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ပင်လယ်ပြင်အတွင်း ရိုက်ကူးထားသည့်   ရေအောက် သဘာဝရှုခင်းများနှင့်    ရေနေ သတ္တဝါများကို    မှတ်တမ်းတင် သုတေသနပြု ရိုက်ကူးထားသည့် Documentary   ဗီဒီယိုဖိုင်ကို ကြည့်ရှုကြရာ တာဝန်ရှိသူတစ်ဦး က ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်း   တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံမှ ပိုင်နက်ပင်လယ်ပြင် အတွင်းရှိ ရေအောက်သယံဇာတ များ ပြုန်းတီးမှုမရှိစေရေး စနစ် တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ရေအောက်သယံဇာတ များ     ရေအောက်ရှုခင်းများကို ထုတ်ဖော်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို    များစွာ အထောက်အကူပြုစေမည်ဖြစ် ကြောင်း၊    ရေနေသတ္တဝါများ ပြုန်းတီးမှုမရှိစေရေး ပင်လယ်ပြင် အတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက် သူများအနေဖြင့် သတ်မှတ်ထား သည့် ဥပဒေများကို ကျော်လွန်၍ တရားမဝင် ဖမ်းဆီးမှုများမပြုလုပ် စေရေးနှင့် ရေနေသတ္တဝါများကို ထိခိုက်စေနိုင်သည့် ဖမ်းဆီးမှုမျိုး များ မပြုလုပ်စေရေး တာဝန်ရှိသူ များက ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံပိုင်နက် ပင်လယ် ပြင်အတွင်း ရှားပါးရေနေသတ္တဝါ များကို ဖော်ထုတ်၍ မှတ်တမ်းတင် ဆောင်ရွက်ခြင်းများ   ပြုလုပ်ရန် လိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံ ရှိ    ပင်လယ်ပြင်အတွင်းရှိသည့် ရေအောက်သယံဇာတများနှင့် ရေနေသတ္တဝါများကို ပြည်သူများ သိရှိစေရေး ဗီဒီယိုမှတ်တမ်းများ ရိုက်ကူး၍ ထုတ်ဖော်ပြသပေးရန် နှင့် ရေသယံဇာတနှင့် ရေသတ္တဝါ များ ပြုန်းတီးမှုမရှိစေရေး ပညာပေး အစီအစဉ်များကို ထုတ်လွှင့်ဖော်ပြ သွားရန်လိုကြောင်း    မှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်