နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ဗန်မော်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၃၂၉ ဦး လွတ်မြောက်

ဗန်းမော်၊    ၁၂ ဖေဖော်ဝါရီ

အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူ ၂၃၃၁၄ ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဖေဖော်ဝါရီ ၁၂ ရက်နေ့စွဲပါ အမိန့် အမှတ် ၅၉/၂၀၂၁  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီကျော်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၂၆၈ ဦး၊ အကျဉ်းသူ   ၆၁ ဦး စုစုပေါင်း ၃၂၉ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ