နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၈ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြသမည် 

ရန်ကုန်   ၆   သြဂုတ် 


အားမာန်ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်သည့် “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကို သြဂုတ်၈ရက်တွင် တစ်နိုင်ငံလုံးရုံတင်ပြသမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သမ္မတရုံ၌ ပြသသည့် အထူးပြပွဲမှ သိရသည်။ 

 

1

 


“ဒီကားမှာ ဝတ်စားဆင်ယင်မှု အပိုင်းက ရဲတပ်ဖွဲ့ကားဖြစ်လို့ အထွေအထူးမရှိပါဘူး၊ စကားလုံးတွေကို ဦးစားပေးထားလို့ မမှားအောင် ကြိုးစားပြင်ဆင် ရိုက်ခဲ့ရပါတယ်၊ နေပြည်တော်မှာ ညပိုင်းရိုက်ရတာတွေရှိတယ်၊ ကားတွေနဲ့ပြိုင်မောင်းရတဲ့ ဇာတ်ဝင်ခန်း တွေရှိခဲ့တယ်၊ နိုင်ငံကြီးသားပီသဖို့အတွက် ဥပဒေအထက်မှာ ဘယ်အရာမှ မရှိဘူး၊ ဥပဒေကို နိုင်ငံသားတိုင်း လိုက်နာဖို့ လိုတယ်ဆိုတဲ့ အကြောင်းအရာလေးတွေ ပါဝင်ပါတယ်၊ ပရိသတ် ပိုစိတ်ဝင်စားမယ်လို့ ခန့်မှန်းမိပါတယ်၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ပြောင်းလဲဖို့အတွက် လိုအပ်ချက်တွေကို ထည့်သွင်းရိုက်ကူးထားပါတယ်၊ ပရိသတ်ကြီး ကိုလည်း ကြည့်စေချင်ပါတယ်၊ ရင်ထဲမှာ တကယ့်စူးစူးနစ်နစ် ရသကို ရစေရမယ်လို့ ထင်မြင်မိပါတယ်၊ ဒီကားမှာ ဇာတ်ညွှန်းကို က နိုင်ငံကြီးသားပီသဖို့ စည်းကမ်းနဲ့ ဥပဒေ ကို လိုက်နာကြပါဆိုတာပါပါတယ်” ဟု အကယ်ဒမီနေတိုးက ပြောသည်။ 

 

1


“မနှစ်က ဒီအချိန်မှာ ဦးစတီးက ဒီဇာတ်လမ်းကို ယူလာတာပါ။ ဒီကားလေးကို ကြိုက်လို့ ရိုက်ဖြစ်တာပါ၊ ဒီကားမှာ ပါမယ့်သရုပ်ဆောင်တွေကို ဇာတ်ပို့၊ ဇာတ်ရံ အကုန်လုံး မင်းသားတွေကိုပဲ ထည့်ရိုက်တာ။ ဖြစ်ချင်တော့ မင်းသားတွေကလည်း ဒီဇာတ်ကားမှာပါဝင်တဲ့ ဇာတ်ကောင်တိုင်းမှာ ကာရိုက်တာကိုယ်စီရှိတယ်။ အဲဒါကြောင့် သူတို့ကလက်ခံပေးတော့ မင်းသားတွေ မြိုင်ဆိုင်သွားတာပါ။ 

 

1

 

ပြည်သူလူထုကို အဓိက ပေးချင်တဲ့စကားက အမှန်တရားကိုဖော်ထုတ်ဖို့ အချိန်တန်ပြီဆိုတာပါ။ အမှန်တရားကို ဖော်ထုတ်တဲ့နေရာမှာ ကြောက်စရာမလိုဘူး။ ရဲရဲဝံ့ဝံ့ဖော်ထုတ်ကြဖို့၊ တစ်နိုင်ငံလုံး ဒီဇာတ်ကားပထမဆုံးရုံတင် ပြတဲ့နေ့က ရငွေတစ်ဝက်ကို ဦးဝင်းတင် ဖောင်ဒေးရှင်းကို သြဂုတ် ၁၅ ရက်မှာ လှူမှာပါ၊ ဦးဝင်းတင်ရဲ့စာသားကို ခေါင်းစည်းအနေနဲ့ ယူသုံးထားပါတယ်” ဟု အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးနိုင်ဆွေက ပြောသည်။ 


“နိုင်ငံကြီးသား”ဇာတ်ကားတွင် ဟံသာဝတီဦးဝင်းတင်၏ပြောစကား “လူဆိုတာ အမှန်တရားဘက်က ရပ်ရုံ၊ အမှန်တရားကို ထောက်ခံရုံနဲ့ မပြီးသေးဘူး အမှားကိုလည်း ဖော်ထုတ်ရမယ်၊ အမှားလုပ်နေတဲ့ သူတွေကိုလည်း ဆွဲထုတ်ပြရမယ်” ကို အခြေခံ၍ Dialogue များကို ဦးစားပေးရိုက်ကူးထားပြီး ဇာတ်လမ်းဈာန်သခင်သွေးနှင့်ဒွေးမေတ္တာ၊ ဇာတ်ညွှန်း မောင်မြတ်ဆွေ၊ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ အကယ်ဒမီ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦးနှင့် အနုပညာရှင်များစွာ ပါဝင် ရိုက်ကူးထားသည်။ 


“ဇာတ်ကားမှာ ပေးချင်တဲ့မက်ဆေ့ချ်က နိုင်ငံကြီးသားတစ်ယောက်ဖြစ်ဖို့ဆိုရင် စည်းကမ်းရှိရမယ် ကိုယ်က ဥပဒေ၊ စည်းကမ်းလိုက်နာမှ ပတ်ဝန်းကျင်ရော၊ ကလေး တွေရော ကိုယ့်ကိုကြည့်ပြီး အတုယူလာမယ်လို့ ထင်တယ်၊ ရုံတင်တဲ့နေ့မှာလက်မှတ် တွေလည်း ထိုးပေးမှာပါ” ဟု တက်သစ်စဒီဇိုင်နာ တစ်ဦးနေရာတွင် ပါဝင်သရုပ်ဆောင် ထားသည့် ရွှေသမီးကပြောသည်။


သန့်ဇင်ဝင်း