နေပြည်တော်  ၇  နိုဝင်ဘာ

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၆ ရက်  မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရုံးအမှတ်(၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ တက်ရောက်ချီးမြှင့် အမှာစကားပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော (၄)ဘာသာဂုဏ်ထူးရှင်နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း ကျောင်းသား/သူများ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် Grade-5 အတွက် တိုင်းအဆင့်၌ ပထမဆု ရရှိသူတို့အား ဆုချီးမြှင့် ပေးအပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း အဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ ရိုးရိုးအောင်မြင်သူ (၅)ဦး စုစုပေါင်း (၂၁၉)ဦးအတွက် ပညာသင် ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်း စုစုပေါင်း(ကျပ် ကိုးဆယ့်ငါးသိန်းငါးထောင့်ကိုးရာတိတိ) ကို ပေးအပ်ခဲ့ပြီး၊ ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

MDN