နိုင်ငံခြားဘာသာစကားပြော ပါရာဆိုက် ရုပ်ရှင်ဇာတ်ကားဟာ ပထမဦးဆုံး အော်စကာဆုရရှိတဲ့ ဇာတ်ကားအဖြစ် သမိုင်းဝင်သွားပြီ 

၁၀ ဖေဖော်ဝါရီ

အော်စကာဆုပေးပွဲ သမိုင်းမှာ နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဇာတ်ကား ပါရာဆိုက် (Parasite) ဇာတ်ကားဟာ အကောင်းဆုံးဇာတ်ကားဆုကို ပထမဦးဆုံး ဆွတ်ခူးရရှိတာဖြစ်ပါတတယ်။ 

Judy Garland ဇာတ်ကားမှာ ရီနီးဇာဝှစ်ကာ (Renee Zellweger) က အမျိုးသမီးဇတ်ဆောင်ဆုရရှိပြီး Joker ဇာတ်ကားမှ ဟာကင်ဖီးနစ် (Joaquin Phoenix) က အမျိုးသားဇာတ်ဆောင်ဆု ရရှိကြပါတယ်။ 

Once Upon A Time in Hollywood နဲ့ Marriage Story ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြတဲ့ ဘရက်ပစ် (Brad Pitt) နဲ့ လော်ရာ ဒန်း(Laura Dern) တို့က အမျိုးသားဇာတ်ပို့ဆု နဲ့ အမျိုးသမီး ဇာတ်ပို့ဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။ 

ပါရာဆိုက် (Parasite) ဇာတ်ကားမှ အော်စကာဆု ၄ ဆုရရှိပြီး 1917 ရုပ်ရှင်ဇာတ်ကားမှ အော်စကာဆု ၃ ဆုရရှိခဲ့ပါတယ်။ 

Ford vs Ferrari ရုပ်ရှင်ဇာတ်ကား၊ Joker ဇာတ်ကားနဲ့ Once Upon A Time in Hollywood ဇာတ်ကားတွေကတော့ အော်စကာဆု ၂ ဆုစီ လက်ခံရရှိခဲ့ကြပါတယ်။ 

MDN
ကိုးကား -AFP