နိုင်ဂျီးရီးယားတွင် သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ ၈၁ ဦးအထိ ရှိလာ

အဘူဂျာ ၁ ဇွန်

 

ပြီးခဲ့သည့်သီတင်းပတ်က နိုင်ဂျီးရီးယားမြောက်ပိုင်း နိုင်းဂျာမြစ်အတွင်း သင်္ဘောတစ်စင်းနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ၈၁ ဦးအထိ ရှိလာခဲ့သည်ဟု မေ ၃၀ ရက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

 

ယခုအချိန်အထိ အလောင်း ၈၁ လောင်းကို ဆယ်ယူပြီးဖြစ်သည်။ အနောက်မြောက်ပိုင်းပြည်နယ် ခက်ဘီတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း ၂၂ ဦးကို ကယ်တင်နိုင်ခဲ့သည်။

 

အနောက်မြောက်ပိုင်းပြည်နယ် ခက်ဘီတွင် မေ ၂၆ ရက် ကသင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အတီကူ ဘာဂူဒူက ပြောသည်။ အဆိုပါ သင်္ဘောမှာ လူပေါင်း ၁၇၀ ကို တင်ဆောင်လာပြီး ဝန်ပိုတင်လာခြင်းဖြစ်သည်။ ခက်ဘီမြို့ဈေးမှ ကျေးရွာများသို့ ပြန်လာကြသူများ သင်္ဘောပေါ်တွင် လိုက်ပါလာကြသည်။

 

နိုင်ဂျီးရီးယားတွင် သင်္ဘောများ တန်ပိုတင်ဆောင်ကြပြီး ကုန်တင်ယာဉ်သုံးစီးစာ ပမာဏရှိသည့် ကုန်ပစ္စည်းများကို တင်ဆောင်လာသည့် သင်္ဘောများလည်းရှိကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် ရာသီဥတုဆိုးရွားမှု၊ သင်္ဘောချွတ်ယွင်းမှုနှင့် ဝန်ပိုတင်ဆောင်မှုတို့ကြောင့် သင်္ဘောနစ်မြုပ်ခြင်းများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။

 

ဆင်ဟွာ