နိုင်ဂျီးရီးယားနိုင်ငံ လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၈၁ ဦး ရှိလာ

မေ ၃၁

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း နိုင်ဂျာမြစ်အတွင်း လှေတိမ်းမှောက်မှုတွင် သေဆုံးသူ ၈၁ ဦးအထိ ရှိလာသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

ကတ်ဘီပြည်နယ်အနောက်မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့သော လှေတိမ်းမှောက်မှုတွင် လူ ၂၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အလောင်း ၈၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အာတီကူ ဘာဂူဒူက ပြောကြားသည်။

 

အဆိုပါလှေသည် လူ ၁၇၀ ကျော်ကို မတန်တဆ ဝန်ပိုတင်ဆောင်လာခြင်း ဖြစ်သည်။ ထိုလှေပေါ်ပါခရီးသည်များသည် အနီးအနား နိုင်ဂျာပြည်နယ်ရှိ ကျေးရွာတစ်ရွာမှ ကတ်ဘီပြည်နယ်ရှိ ဈေး သို့သွားကြခြင်း ဖြစ်သည်။

 

နိုင်ဂျီးရီးယားနိုင်ငံတွင် ရာသီဉတုဆိုးရွားခြင်း၊ မတန်တဆ ဝန်ပိုများတင်ဆောင်ခြင်းတို့ကြောင့် လှေမတော်တဆမှုများ ဖြစ်ပွားခြင်းသည် အထူးအဆန်းတော့မဟုတ်ပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို