အောက်တိုဘာ ၈

နီပေါနိုင်ငံသို့ ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်အလားတူကာလက ခရီးသွားဝင်ရောက်မှုမှ ၁၈ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ယမန်နေ့ကပြောကြားသည်။

လွန်ခဲ့သောလက နိုင်ငံခြားခရီးသွား ၇၈၇၁၁ ဦး လာရောက်လည်ပတ်မှုရှိကာ ယခင်နှစ် စက်တင်ဘာလက နိုင်ငံခြားခရီးသွား ၉၆၃၀၂ ဦးရှိရာမှလျော့ကျသွားကြောင်း ထိုဘုတ်အဖွဲ့က ဖော်ပြထားသည်။

အိန္ဒိယ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှခရီးသွားများ အများဆုံးလာရောက်ကြောင်းနှင့် ယခုနှစ် ကိုးလတာကာလအတွင်း နိုင်ငံခြားခရီးသွား ၈၁၅၂၇၃ ဦး လာရောက်မှုရှိကြောင်း ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းသည် နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း၏ အဓိကရင်းမြစ် ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို