နီပေါနိုင်ငံ၌ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အရေးပေါ်သုံးစွဲခွင့်ပြု

ခတ္တမန္ဒူ ၆ ဇွန်

နီပေါကျန်းမာရေးအာဏာပိုင်များက တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်သုံးစွဲရန် ခွင့်ပြုခဲ့ကြောင်း ယနေ့သတင်းများ အရ သိရသည်။

ဒုတိယမြောက် ကာကွယ်ဆေးဖြစ်လာ Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် နီပေါနိုင်ငံအတွင်း အရေးပေါ် သုံးစွဲခွင့်ရရှိသည့် ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းဇီဝဗေဒဆိုင်ရာ ထုတ်ကုန်ဌာနမှ ထုတ်လုပ်သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နီပေါကျန်းမာရေးအာဏာပိုင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ် သုံးစွဲခွင့်ပြုခဲ့သည်။

ယခုခွင့်ပြုသည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏စမ်းသပ်မှုရလဒ်များကို စစ်ဆေးပြီးနောက် နိုင်ငံအတွင်း သုံးစွဲခွင့်ပြုခြင်းဖြစ်ကြောင်း အရေးပေါ်သုံးစွဲရေးဆိုင်ရာ ဆေးဝါးအာဏာပိုင်ဌာနညွှန်ကြားရေးမှူးချုပ် ဘာရတ်ဘာတာရိုင်က ပြောကြားသည်။

ခွင့်ပြုခဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရန် ဇွန် ၁ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြတ်လပ်လျက်ရှိသည့်အတွက် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပြီးသူအရေအတွက်သည် နိုင်ငံလူဦးရေ သန်း ၃၀ ၏ နှစ်ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၈၁၅၆၀ ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၇၇၃၁ ဦးရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အောင်ကျော်ကျော်