မတ် ၂၀

နီပေါနိုင်ငံတွင် လွန်ခဲ့သောလအတွင်း ယာဉ်မတော်တဆမှုများကြောင့် ကလေး ၁၅ ဦး အပါအဝင် ၂၀၁ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

ဖေဖော်ဝါရီလလယ်ပိုင်းမှ မတ်လလယ်ပိုင်းအထိ ယာဉ်အစီးရေ ၄၂၈၉ အပါအဝင် ယာဉ်မတော်တဆမှု ၂၈၈၉ ကြိမ်ဖြစ်ပွားခဲ့ရာ ၆၃၆ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၃၄၆၆ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါမတော်တဆမှုများတွင် မော်တော်ဆိုင်ကယ်မတော်တဆမှု ၂၄၂၃ ကြိမ်၊ ကားနှင့် ဘတ်စ်ကား မတော်တဆမှုများပါဝင်သည်ဟု သိရသည်။

ရဲတပ်ဖွဲ့က ယင်းကာလအတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၆၈၇၃၁၀  ကောက်ခံခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို